Friday, March 13, 2020

Excel တွင် Color များကို Formula ဖြင့် ရေတွက်ခြင်း

ယခုရှင်းပြမည့်စနစ်ဟာ Excel Group တွေမှာရော / Messenger မှာရော အမေးများတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်


ဘာကြောင့် အမေးအများဆုံးဖြစ်ရသလဲ???

Database ထဲမှာ အရေးကြီးတဲ့ အကြောင်းအရာတွေမှတ်သားချင်တဲ့အခါမှာ သက်ဆိုင်ရာ 𝐑𝐨𝐰 တွေကို တူညီတဲ့ ပုံစံတူ အရောင်တွေ Highlight တားကြတယ်

ကိုယ် Highlight တားထားတဲ့အရောင်တူ ဘယ်နှစ်ခုရှိလဲ ရေတွက်ချင်တဲ့အခါမှာ Formula အခက်အခဲ စဖြစ်ရတာကြောင့် အမေးအများဆုံး Excel ပုစ္ဆာ တစ်ပုဒ် ဖြစ်လာပါတယ်

ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းက (3) မျိုးရှိပါတယ်

နံပါတ် (1) - Subtotal Function နှင့် Filter တွဲဖတ်၍ ဖြေရှင်းခြင်း

နံပါတ် (2) - Get.Cell Function အသုံးပြု၍ ဖြေရှင်းခြင်း

နံပါတ် (3) - VBA ဖြင့် ကိုယ်ပိုင် Formula ဖန်တီး၍ ဖြေရှင်းခြင်း

ကျွန်တော်ကို မေးမြန်းတဲ့အခါမှာလဲ VBA သင်တန်းသားများဖြစ်တာကြောင့် VBA နဲ့ Formula ကိုယ်ပိုင်တီထွင်တဲ့စနစ်ကို အများဆုံးရေးပြပေးတာဖြစ်ပါတယ်

အခုရှင်းပြမည့်စနစ်ကတော့ အားလုံးလဲ လိုက်လုပ်နိုင်အောင် အကုန်လုံးတွက်လဲ အကျိုးရှိသွားအောင်

နံပါတ် (2) - Get.Cell Function စနစ်ကို ရှင်းပြပေးမှာဖြစ်ပါတယ်

Step-01
  • အရင်ဆုံး ပုံထဲက အတိုင်း Database တစ်ခုကို တည်ဆောက်လိုက်ပါ
  • တည်ဆောက်ပြီးသည့်အခါမှာ ကျွန်တော် Highlight တားထားသလို ပြုလုပ်ထားဖို့လိုပါမည်


Step-02
  • Formula ထဲက Defined Name ကိုနိုပ်လိုက်ပါ


Step-03
  • New Name ပေါ်လာပါက
  • Name: တွင် ColorNumber ရေးလိုက်ပါ
  • Scope: တွင် Workbook ဖြစ်ရမည်

  • Refer to: တွင် =Get.Cell(38,H3) ရေးပြီး Ok နိုပ်လိုက်ပါ




Step-04
  •  I3 ကနေ I12 အထိ Select ပေးပြီး =ColorNumber ရေးပြီး Ctrl+Enter ခေါက်ချလိုက်ပါ
  • မှတ်ချက် =ColorNumber ရေးသားတွင် H3 ကို Select ပေးသလိုဖြစ်ရမည်
  • အကယ်၍ မဖြစ်ပါက Defined Name ပေးတဲ့အခါ သေချာမပေးမိသောကြောင့် ဖြစ်ပါသည်




Step-05
  • L3တွင် =COUNTIF(I:I,ColorNumber) ရေးပြီး Enter ခေါက်ချလိုက်ပါ



Step-06
  • L3 တွင် အစိမ်း Color အရေအတွက် 4 ခုကို စစ်ထုတ်ပေးမှာဖြစ်ပါတယ်

  • L4 ကို Select ပေးပြီး Ctrl+D နိုပ်လိုက်ပါ သက်ဆိုင်ရာ Color အရေအတွက်ကို ဖော်ပြနေပါလိမ့်မည်




Step-07
  • File ကို Save တဲ့ အခါမှာ Save as type: တွင် Excel Macro-Enable Workbook ကို ရွေးပြီး Save ကို နိုပ်လိုက်ပါ



 ဖတ်ရှုပေးကြသော ညီအကို မောင်နှ တစ်ဦးချင်စီကို အထူးပင် ကျေးဇူးတင်ရှိပါသည် 


သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့

[ မြေညီထပ်တွင် High Speed Air-con Service ဆိုင်ရှိသည်]

ဖုန်းနံပါတ် - 09 968 11 34 34

ဖုန်းနံပါတ် - 09 968 11 35 35

Page - Hyper Excel & VBA

Instructor - Aung Phyo Kyaw