COVID-19 ဖြစ်ပွားမှု / သေဆုံးမှု / ရောဂါပျောက်ကင်းမှုတွေကို Excel ကနေ စောင့်ကြည့် လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပါသည်
Excel တွင် ဘာသာရပ်အားဖြင့် (4) မျိုးရှိပါတယ်
နံပါတ် (၁) - Beginner Excel Course
နံပါတ် (၂) - Advanced Excel Course
နံပတ် (၃) - Mastering Microsoft Excel (VBA) Course
နံပတ် (၄) - Excel Power BI Course ဆိုပြီးရှိပါတယ်
ယခု COVID-19 အခြေအနေကို စောင့်ကြည့်နိုင်ရန်အတွက် နံပါတ် (၄) စနစ်ကို ရှင်းပြပေးမှာဖြစ်ပါတယ်
နံပတ် (၄) - ဖြင်တဲ့ Excel Power BI မှာ Group အားဖြင့် (၄) မျိုးရှိပါတယ်
Power Query - Row Data များကို ပေါင်းစပ် စစ်ထုတ်ခြင်း
Power Pivot - Data များကို Pivot Table ဖြင့် Report စစ်ထုတ်ခြင်း
Power View - Data များကို Chart သို့မဟုတ် Graph များဖြင့် Report စစ်ထုတ်ခြင်း
Power Map - Data များကို 2D Map သို့မဟုတ် 3D Map ဖြင့် Report စစ်ထုတ်ခြင်း
ထို (၄) မျိုးလုံးကို ပါဝင်မှသာ Excel Power BI ဟု ခေါ်ဝေါ်ပါတယ်
ပုံထဲမှာ ပြထားတဲ့စနစ်ဟာ
ပထမအဆင့် - Power Query ဖြင့် Website ထဲက Data ကို Excel ထဲမှ လှမ်းယူလိုက်ပါတယ်
ဒုတိယအဆင့် - Power Map ဖြင့် Excel ထဲ ရောက်ရှိနေတဲ့ Data ကို 3D Maps အနေနဲ့ Report စစ်ထုတ်လိုက်တာ ဖြစ်ပါတယ်
ယခုလို Excel ထဲမှာ သုံးတဲ့အခါ အကယ်၍ မနက်ဖြန် ရောက်သွားခဲ့ရင် Refresh နိုပ်လိုက်ယုံဖြင့် မနက်ဖြန်ရဲ့ Update Data ကို Report က ပြောင်းလဲစစ်ဆေးသွားမှာ ဖြစ်ပါတယ်
မှတ်ချက် - Power BI ကို သုံးရင် Online နှင့် ချိတ်ဆက်ထားသောကြောင့် Internet လိုပါမည် Excel 2013 နှင့် အထက်ဖြစ်ရပါမည်
Step-01
- Excel New File ကို ဖွင့်ပြီး Data ထဲက Get Data ကို နိုပ်လိုက်ပါ
- From Other Sources ကို နိုပ်ပြီး From Web ကို ရွေးလိုက်ပါ
Step-02
- From Web ပေါ်လာပါ URL တွင် https://www.worldometers.info/coronavirus/ ကို ထည့်ပြီး Ok နိုပ်လိုက်ပါ
Step-03
- Navigator ပေါ်လာပါက Table 0 ကို Select ပေးပြီး Load ကို နိုပ်လိုက်ပါ
Step-04
- ပုံထဲတွင် ပြသားထားသည့်အတိုင် Sheet အသစ်တစ်ခုတွင် Website ထဲက Data များကို ဖော်ပြလာမှာ ဖြစ်ပါတယ်
Step-05
- Map ဆွဲမှာ ဖြစ်သောကြောင့် Insert ထဲက Open 3D Maps ကို နိုပ်လိုက်ပါ
Step-06
- ပုံထဲကအတိုင်း Map ကို မြင်တွေ့ရပါက Field List ကို ပိတ်လိုက်ပါ
Step-07
- Home ထဲမှာ ရှိတဲ့ Map Labels နှင့် Flat Map ကို ရွေးပြီး မြန်မာနိုင်ငံရောက်သည်အထိ မြေပုံကို ရွှေ့လိုက်ပါ
Step-08
- ပုံထဲက အတိုင်း Layer Options တွင် Size ကို 200% ထားလိုက်ပါ
- Opacity တွင် 86% ထားလိုက်ပါ
Step-09
- ပုံထဲကအတိုင်း Bubble ကို ရွေးလိုက်ပါ
Step-10
- မြန်မာနိုင်ငံရဲ့ အနီရောင် Bubble ကို နိုပ်ပြီး ပုံထဲကအတိုင်းဖော်ပြလာပါက Setting ထဲကို သွားလိုက်ပါ
Step-11
- Customize Data Card ပေါ်လာပါက Template 6 ကို ရွေးလိုက်ပါ
- ပုံတွင် ပြထားသည့် အတိုင်း Add Field ကို နိုပ်၍ Country / Total Cases / New Cases / Active Cases ကို ရွေးလိုက်ပြီး OK နိုပ်လိုက်ပါ
Step-12
- မြန်မာနိုင်ငံရဲ အနီရောင် Bubble ပေါ်နိုပ်လိုက်ပါက ယနေ့ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါဖြစ်ပွားသူ ဦးရေကို ဖော်ပြနေမှာ ဖြစ်ပါတယ်
- အကယ်၍ Refresh ကို Excel ထဲကနေ နိုပ်လိုက်ပါက Auto Update Data ကို ဖော်ပြနေမှာ ဖြစ်ပါတယ်
♥ ဖတ်ရှုပေးကြသော ညီအကို မောင်နှ တစ်ဦးချင်စီကို အထူးပင် ကျေးဇူးတင်ရှိပါသည် ♥
သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့
[ မြေညီထပ်တွင် High Speed Air-con Service ဆိုင်ရှိသည်]
ဖုန်းနံပါတ် - 09 968 11 34 34
ဖုန်းနံပါတ် - 09 968 11 35 35
Page - Hyper Excel & VBA
Page Link - https://www.facebook.com/HyperExcelVBA/
Instructor - Aung Phyo Kyaw