Excel တွင် Formula တစ်ခုကြောင့်ဖြစ်ပေါ်စေသော Error (၇) မျိုးရှိပါသည်
(၁) #DIV/0!
ကိန်းဂဏန်းတစ်ခုကို 0 ဖြင့်စား၍ ဖြစ်စေ / Blank ဖြင့် စား၍ ဖြစ်စေ / မိမိရှာချင်သည့် Criteria ကိုက်ညီမှု မရှိ၍ ဖြစ်စေ #DIV/0! ကို ဖြစ်ပေါ်စေပါသည်
(၂) #NAME?
Advanced Excel Formula ကိုရေးသားရာတွင် Function အမှားကို သုံးမိ၍ ဖြစ်စေ / Defined Name ဖြင့် နာမည်ပေးပြီး Name မှားဖြတ်မိ၍ ဖြစ်စေ #NAME? ကို ဖြစ်ပေါ်စေပါသည်
(၃) #NA
Formula စစ်ဆေးသော Range ထဲတွင် #NA ပါနေ၍ သော်လည်းကောင်း / Vlookup Or Match ဖြင့် စစ်ဆေးသောအခါ ရှာသည့် အကြောင်းအရာ တန်ဖိုး ကိုက်ညီမှု မရှိ၍ ဖြစ်စေ #NA ကို ဖြစ်ပေါ်စေပါသည်
(၄) #NUM!
ကိန်းဂဏန်းများကို Power ထပ်တင်လိုက်တဲ့အခါမှာ Excel က ဝင်ဆန့်နိုင်သည့် ပမာဏ ထက်ကျော်လွန်၍ ဖြစ်စေ / DATEDIF ကို အသုံးပြုတဲ့အခါ Start_Date နှင့် End_Date ပြောင်းပြန်ထည့်မိ၍ ဖြစ်စေ #NUM! ကို ဖြစ်ပေါ်စေပါသည်
(၅) #VALUE!
#VALUE! သည် Formula Error နှင့် Array Error ဆိုပြီး (၂) မျိုးရှိပါသည်
ကိန်းဂဏန်းအသုံးပြုရမည့်နေရာတွင် စာသား သို့မဟုတ် တခြားအကြောင်းအရာများ မှား၍ သုံးမိသည်ဖြစ်စေ / Array စနစ်ကို အသုံးပြု၍ ဖြစ်စေ #VALUE! ကိုဖြစ်ပေါ်စေပါသည်
(၆) #REF!
Formula ထဲတွင် Select ပေးထားသည့် Cell ကွက်များကို မှားဖြတ်မိလိုက်သည့်အခါတွင် #REF! ကို ဖြစ်ပေါ်စေပါသည်
(၇) #NULL!
Formula ရေးသားသည့် စည်းကမ်းချက်များကို မလိုက်နာပဲအသုံးပြုသည့်အခါတွင် ဖြစ်စေ #NULL! ကို ဖြစ်ပေါ်စေပါသည်
#######
Cell တစ်ခုတွင် တန်ဖိုးတစ်ခုကို ရေးလိုက်သောအခါ Column Width မလုံလောက်သည့် အခါမျိုးတွင် #### ပုံစံမျိုးကို ဖြစ်ပေါ်စေပါသည်
##### ကို ဖြေရှင်းမည်ဆိုပါက ### ပေါ်နေသော Column ကို ဆွဲချဲ့လိုက်ပါ
♥ ဖတ်ရှုပေးကြသော ညီအကို မောင်နှမ တစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါသည် ♥
သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့
[ မြေညီထပ်တွင် High Speed Air-con Service ဆိုင်ရှိသည်]
ဖုန်းနံပါတ် - 09 968 11 34 34
ဖုန်းနံပါတ် - 09 968 11 35 35
Page Link - https://www.facebook.com/HyperExcelVBA/
Page - Hyper Excel & VBA
Instructor - Aung Phyo Kyaw