ယခုရှင်းပြမည့်စနစ်ဟာ Data တစ်ခုနှင့် တစ်ခုကို Select ပေးအသုံးပြုတဲ့အခါမှာ ယခင်ကထက် ပိုမိုထူးခြားစေမှာ ဖြစ်ပါတယ်
ဘာကြောင့် အသုံးဝင်ပြီး အသုံးပြုရသလဲ???
Data Entry ထည့်တဲ့အခါမှာ အမှားယွင်း နည်းနိုင်သမျှ နည်းစေမှာဖြစ်သောကြောင့် အသုံးဝင်တဲ့ စနစ်တစ်ခု ဖြစ်လာပါတယ်
Database အတွင်း Select ပေးလိုက်တဲ့ နေရာကို Color အလိုအလျောက် Highlight တားနိုင်ရန်အတွက် အသုံးပြုရမည့်အချက် (3) မျိုးရှိပါတယ်
နံပါတ် (1) - Cell Function ဖြင့် True / False ပေါ်အောင်ရေးသား အသုံးပြုခြင်း
နံပါတ် (2) - Conditional Formatting ကို အသုံးပြုခြင်း
နံပါတ် (3) - SelectionChange Event (VBA) ကို အသုံးပြုခြင်း
အားလုံးအတွက် အကျိုးရှိရှိ အသုံးချနိုင်အောင် ကျွန်တော်က ဆိုလိုရင်း သဘောတရားများကို ခြုံငြုံပြီး ရှင်းပြပေးပါမယ်
(1) ကျွန်တော်တို့ဖြစ်ချင်တဲ့ ဆန္ဒဟာ Select ပေးရင် Color ပေါ်ချင်တယ်
(2) Select ပေးရင် Color ပေါ် / Select မပေးရင် Color မပေါ်နဲ့ဆိုတော့ အခြေအနေက နှစ်မျိုးပဲရှိတယ်
(3) အခြေအနေနှစ်မျိုး အမြဲတမ်းမှန်တာကြောင့် True / False ကို ရည်ရွယ်ပါတယ်
(4) မိမိဖြစ်ချင်တဲ့ ဆန္ဒကို True ပေါ်အောင်ရေးနိုင်သည့် Formula ကို သုံးလိုက်ပါတယ်
(4) True / False ပေါ်မူတည်ပြီး အရောင်ခြယ်မှာဖြစ်တာကြောင့် Conditional Formatting ကို အသုံးပြုရပါတယ်
(6) Conditional formatting ရဲ့သဘောဟာ Enter ခေါက်ချမှ တစ်ကြိမ်သာ အလုပ်လုပ်ပေးပါတယ်
(7) ကျွန်တော်က Enter ခေါက်ချမှ အလုပ်လုပ်ချင်တာမဟုတ်ဘူး Select ပေးလိုက်တိုင်း အလုပ်လုပ်ချင်တာဖြစ်တယ်
(8) ဒါကြောင့် VBA စနစ်ထဲက Select ပေးရင် အလုပ်လုပ်တဲ့ စနစ်ဖြစ်တဲ့ SelectionChange Event ကို အသုံးပြုလိုက်ရခြင်းဖြစ်ပါတယ်
Step-01
- အရင်ဆုံး ပုံထဲက ပြသထားသည့်အတိုင်း Database တစ်ခုကို တည်ဆောက်လိုက်ပါ
Step-02
- Database ထဲကနေ ခေါင်းစဉ်မပါပဲ ကျန်တဲ့ Data (B3:I12) ကို Select ပေးလိုက်ပါ
- Select ပေးပြီးပါက Home ထဲတွင်ရှိတဲ့ Conditional Formatting ကို နိုပ်၍ New Rule ကို Click နိုပ်လိုက်ပါ
Step-03
- New Formatting Rule ပေါ်လာပါက Use a formula to determine which cells to format ကိုနိုပ်လိုက်ပါ
- Format values where this formula is true: အောက်တွင် =Cell("row")=Row(B3) ကိုရေးလိုက်ပါ
- မှတ်သားထားရမည့်အချက်က - B3 ရေးသားထားခြင်းသည် Database ကို Select ပေးတဲ့အခါမှာ စမှတ်ဖြစ်တာကို ဆိုလိုပါတယ်
- အကယ်၍ A2:I12 ကို Select ပေးပါက =Cell("row")=Row(A2) လို့ရေးရပါမည်
- Color အရောင်ထည့်မှာဖြစ်တာကြောင့်
Format ကို နိုပ်လိုက်ပါ
Step-04
- Format Cell (Box) ပေါ်လာပါက Fill တွင် ကြိုက်နှစ်သက်ရာ အရောင်းကို ရွေးလိုက်ပါ
- Font အရောင်ကိုပါ ပြောင်းလဲချင်ပါက Font ကို သွားပြီး ကြိုက်နှစ်သက်ရာ အရောင်ကို ပြောင်းလဲနိုင်ပါသည်
- Color များကို စိတ်ကြိုက်ပြင်ဆင်ပြီးပါက OK ကို (2) ကြိမ်နိုပ်လိုက်ပါ
Step-05
- Developer ထဲက Visual Basic ကို နိုပ်လိုက်ပါ
- အကယ်၍ Developer (Tab) မရှိပါက Alt ကို ဖိပြီး F11 ကို ပါတွဲလျက်နိုပ်လိုက်ပါ
Step-06
- Visual Basic Editor ထဲရောက်ရှိသွားပါက Database တည်ဆောက်ထားတဲ့ Sheet ဖြစ်တဲ့ Sheet1 ကို Double Click နိုပ်လိုက်ပါ
- ပုံထဲတွင်ပြသထားသည့်အတိုင်း
Worksheet ကို Click နိုပ်လိုက်ပါ
Private Sub Worksheet_SelectionChange(ByVal Target As Range)
Step-07
- Private Sub နှင့် End Sub ကြားထဲတွင် Cusor ချပြီး Sheet1.Calculate ကို ရေးလိုက်ပါ
- Sheet1 ရေးသားတဲ့ ရည်ရွယ်ချက်မှာ Double Click နိုပ်ခဲ့တဲ့ Sheet နာမည်ဟာ (Sheet1) ရေးထားတာကြောင့် ဖြစ်ပါတယ်
- အကယ်၍ (Sheet2) ဆိုပါက Sheet2.Calculate ဟု ရေးရပါမည်
- ပုံထဲတွင်မြင်တွေ့ရသည် Window တစ်ခုလုံးကို (X) နိုပ်ပြီး ပိတ်လိုက်ပါ
Step-08
- Database ထဲတွင် Select ပေးလိုက်တဲ့ Row ကို Auto Highlight တားသည်ကို Gift Photo ထဲက အတိုင်း ဖော်ပြ ပေးနေမှာဖြစ်ပါတယ်
Step-09
- Excel File ကို Save တဲ့အခါမှာ Save As Type: တွင် Excel Binary Workbook ဖြင့် Save လိုက်ပါ
♥ ဖတ်ရှုပေးကြသော ညီအကို မောင်နှမ တစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါသည် ♥
သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့
[ မြေညီထပ်တွင် High Speed Air-con Service ဆိုင်ရှိသည်]
ဖုန်းနံပါတ် - 09 968 11 34 34
ဖုန်းနံပါတ် - 09 968 11 35 35
Page - Hyper Excel & VBA
Page Link - https://www.facebook.com/HyperExcelVBA/
Instructor - Aung Phyo Kyaw