Friday, March 20, 2020

Pivot Table ဖြင့် Chart Of Accounts တည်ဆောက်ခြင်း

Table တစ်ခုတည်းကနေ စနစ်တကျ အလျင်အမြန်ဖြင့် Report Design အမျိုးမျိုးကို တည်ဆောက်ချင်သောအခါတွင် Pivot Table ကို အသုံးပြုကြပါတယ်

ဘာကြောင့်အသုံးဝင်သလဲ???

Pivot Table ဟာ Formula များကို အမျိုးမျိုးသုံးနေစရာမလိုပဲ Database ထဲကနေ လိုအပ်သလို Report များကို မိနစ်အနည်ငယ်ဖြင့် တည်ဆောက်နိုင်သောကြောင့် အသုံးဝင်တဲ့စနစ် ဖြစ်လာပါတယ်

ယခု ရှင်းပြမည့်စနစ်ဟာ ပုံစံနမူနာကို Reference ယူလို့ရအောင်ရှင်းပြပေးတာကြောင့် လုပ်ငန်းခွင်အတွင်း စိတ်ကြိုက် ပြင်ဆင်အသုံးပြုနိုင်ပါသည်

Step-01

  • ပထမဦးဆုံး E5 အကွက်ကနေ ပုံထဲတွင်ပြသထားသည့်အတိုင်း Database တစ်ခုကို တည်ဆောက်လိုက်ပါ



Step-02

  • E5 Cell ကွက်ပေါ်တွင် Select ပေးပြီး Insert (Tab) ထဲက Table (သို့မဟုတ်) Ctrl+T ကို နိုပ်လိုက်ပါ




Step-03

  • Create Table (Box) ပေါ်လာပါက Ok ကိုနိုပ်လိုက်ပါ




Step-04

  • Database ပေါ်တွင် Select ပေးပြီး Design (Tab) ထဲက Table Name: တွင် tbl_COA နာမည်ပေးလိုက်ပါ




Step-05

  • Database ပေါ်တွင် Select ပေးပြီး Insert (Tab) ထဲက Pivot Table ကို နိုပ်လိုက်ပါ




Step-06

  • Create Pivot Table (Box) ပေါ်လာပါက Table/Range: တွင် tbl_COA ကိုအသုံးပြုရပါမည်
  • Existing Worksheet ကို Select ပေးပြီး Location: တွင် B5 ကို ရွေးချယ်၍ OK နိုပ်လိုက်ပါ




Step-07

  • PivotTable Fields ပေါ်လာပါက Row ထဲတွင် Financial Statement , FS_Group, FS_SubGroup, Code Sub Account Name ကို ထည့်သွင်းလိုက်ပါ (သို့မဟုတ်) အမှန်ခေါက်ခြစ်လိုက်ပါ



Step-08
  • Analyze (Tab) ထဲက Show (Group) ထဲက ရှိတဲ့အရာများကို Select ဖြုတ်လိုက်ပါ




Step-09

  • ပုံထဲတွင်ပြသထားသည့် အတိုင်း ရရှိလာမှာဖြစ်ပါတယ်



 ဖတ်ရှုပေးကြသော ညီအကို မောင်နှ တစ်ဦးချင်စီကို အထူးပင် ကျေးဇူးတင်ရှိပါသည် 

သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့

[ မြေညီထပ်တွင် High Speed Air-con Service ဆိုင်ရှိသည်]

ဖုန်းနံပါတ် - 09 968 11 34 34
ဖုန်းနံပါတ် - 09 968 11 35 35

Page - Hyper Excel & VBA
Instructor - Aung Phyo Kyaw