Monday, March 16, 2020

First Row တစ်ခုလုံးအား Header(ခေါင်းစဉ်) အဖြစ်အစားထိုးခြင်း

အခုပြောပြမည့် နည်းစနစ်ဟာ Excel 2016 Version မှာ Excel ကစတင်ပြီး တရားဝင် Menu Bar ပေါ်မှာ အသုံးပြုခွင့်ပေးလိုက်သောစနစ်ဖြစ်ပါတယ်

2013 မှာတုန်းကဆိုလျှင် COM Add-Ins ကနေ Add လုပ်ပြီးအသုံးပြုစေသောစနစ်လဲဖြစ်ပါတယ်

2016 Version ဖြင့်ပြုလုပ်မှာဖြစ်တဲ့အတွက် ပုံ (၁) ရှိသော Table Data ပေါ်ရှိ ကြိုက်နှစ်သက်ရာ Range ပေါ်တွင် Select တစ်ချက်ပေးလိုက်ပါ



ပုံ (၂) က အတိုင်း Excel Menu Bar ပေါ်ရှိ Data >> From Table ကို Click တစ်ချက်နိုပ်လိုက်ပါ



ပုံ (3) ကအတိုင်း Table1 - Query Editor ထဲကို ရောက်ရှိသွားပါလိမ့်မည်



ပထမ Row ကို ခေါင်းစဉ်အဖြစ်အစားထိုးမှာဖြစ်တဲ့အတွက် ပုံ (၄) က အတိုင်း Query Menu Bar ပေါ်ရှိ Home >> Use First Row As Headers ကို တစ်ချက် Click လိုက်ပါ



ပုံ (၅) က အတိုင်း ပထမ Row သည် ခေါင်းစဉ်အဖြစ်ပြောင်းလဲနေမှာဖြစ်ပါတယ်



Excel ထဲသို့ပြန်သွား၍ Table တစ်ခု တည်ဆောက်မှာဖြစ်တဲ့အတွက် ပုံ (၆) ကအတိုင်း Close & Load ကို Click လိုက်ပါ



ပုံ (၇) ကအတိုင်း Sheet အသစ် တစ်ခုတွင် ပထမ Row ကို ခေါင်းစဉ်အဖြစ် Table တစ်ခု ကျလာမှာဖြစ်ပါတယ်


မှတ်ချက် - မူလ data က နဂိုတိုင်းရှိနေမှာဖြစ်ပြီး Sheet တစ်ခုမှာ Modify လုပ်ထားတဲ့ Table အသစ်ပါရှိနေမှာဖြစ်ပါတယ်

♥ ဖတ်ရှုပေးကြသော ညီအကို မောင်နှမ တစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါသည် ♥

သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့

[ မြေညီထပ်တွင် High Speed Air-con Service ဆိုင်ရှိသည်]

ဖုန်းနံပါတ် - 09 968 11 34 34

ဖုန်းနံပါတ် - 09 968 11 35 35



Page - Hyper Excel & VBA

Instructor - Aung Phyo Kyaw