Excel Programming (VBA) ဘာသာရပ်ကို လေ့လာတဲ့အခါမှာ ယခုရှင်းပြမည့် အချက် (၂၂) ချက်ကို ကြိုတင်မှတ်သားထားဖို့လိုပါသည်
(1) VBA Developer ဖွင့်နည်း
ပထမအဆင့် - File ထဲက Option ကို နိုပ်လိုက်ပါ
ဒုတိယအဆင့် - Excel Options (Box) ပေါ်လာပါက Customize Ribbon ကို နိုပ်လိုက်ပါ
တတိယအဆင့် - Main Tab ထဲက Developer အရှေ့တွင် အမှန်ခေါက်ခြစ်လိုက်ပါ
စတုတ္ထအဆင့် - ထို့နောက် Ok ကို နိုပ်လိုက်ပါ
ပဥ္စမအဆင့် - Excel Menu Bar ပေါ်တွင် Developer Tab ပေါ်လာမှာ ဖြစ်ပါတယ်
(2007 ဆိုပါက Excel Options >> Popular >> Show Developer Tab in the Ribbon ကို အမှန်ခေါက်ခြစ်ပြီး Ok နိုပ်ပါ)
(2) Visual Basic Editor (VBE) ထဲသို့ သွားနည်း
ပထမအဆင့် - Developer Tab ကို Click တစ်ချက်နိုပ်လိုက်ပါ
ဒုတိယအဆင့် - Visual Basic (သို့မဟုတ်) Alt+F11 ကို နိုပ်ပါ
(3) Module အသုံးပြုနည်း
ပထမအဆင့် - VBE ထဲက Menu Bar ကို နိုပ်လိုက်ပါ
ဒုတိယအဆင့် - Insert (Tab) ထဲမှ Module (သို့မဟုတ်) Alt+I+M ကိုနိုပ်လိုက်ပါ
(4) UserForm အသုံးပြုနည်း
ပထမအဆင့် - VBE ထဲက Menu Bar ကို နိုပ်လိုက်ပါ
ဒုတိယအဆင့် - Insert (Tab) ထဲမှ UserForm (သို့မဟုတ်) Alt+I+U ကိုနိုပ်လိုက်ပါ
(5) Project Explorer အသုံးပြုနည်း
ပထမအဆင့် - VBE ထဲတွင် Sheet1/Sheet2 ပေါ်သော Window ပျောက်နေခဲ့ပါက View (Tab) ကို နိုပ်လိုက်ပါ
ဒုတိယအဆင့် - Project Explorer (သို့မဟုတ်) Ctrl+R ကို နိုပ်လိုက်ပါ
(6) VBA Font ပြောင်းနည်း
ပထမအဆင့် - Menu Bar ပေါ်ရှိ Tools (Tab) ထဲတွင် Options… ကိုနိုပ်လိုက်ပါ။
ဒုတိယအဆင့် - Options Box ကျလာပါက Editor Format ထဲသို့သွား၍ ကြိုက်နှစ်သက်ရာ Font ကို ပြောင်းလိုက်ပါ
(7) Module ခေါ်တိုင်း Option Explicit စာသားကို Auto ပေါ်အောင်ပြုလုပ်နည်း
ပထမအဆင့် - Menu Bar ပေါ်ရှိ Tools (Tab) ထဲတွင် Options… ကိုနိုပ်လိုက်ပါ
ဒုတိယအဆင့် - Options Box ကျလာပါက Editor ထဲသို့သွား၍ Require Variable Declaration ကိုအမှန်ခေါက်ခြစ်လိုက်ပါ
(8) VBA Code တွေကို ရေးသာရာတွင် Syntax ကို Auto မစစ်အောင်ပြုလုပ်နည်း
ပထမအဆင့် - Menu Bar ပေါ်ရှိ Tools (Tab) ထဲတွင် Options… ကိုနိုပ်လိုက်ပါ
ဒုတိယအဆင့် - Options Box ကျလာပါက Editor ထဲသို့သွား၍ Auto Syntax Check ကိုအမှန်ခေါက်ခြစ်ဖြုတ်လိုက်ပါ။
(9) Immediate Window အသုံးပြုနည်း
ပထမအဆင့် - VBA Code တွေကို မသိရှိတဲ့အခါ Ctrl+G ကို နိုပ်လိုက်ပါ
ဒုတိယအဆင့် - မိမိ မသိရှိသောအကြောင်းအရာကို ? (Question mark) ဖြင့်မေးပြီး Enter ခေါက်ချလိုက်ပါ
(10) Properties Window ခေါ်နည်း
ပထမအဆင့် - VBE ထဲရှိ View (Tab) ကို နိုပ်လိုက်ပါ
ဒုတိယအဆင့် - Properties Window (သို့မဟုတ်) F4 ကို နိုပ်လိုက်ပါ
(11) VBA Syntax များကို အမြန်သုံးစွဲနည်း
ပထမအဆင့် - ဥပမာ App စာသားကို ရိုက်လိုက်ပါ
ဒုတိယအဆင့် - Ctrl+J (သို့မဟုတ်) Ctrl + Space bar ကိုနိုပ်လိုက်ပါ
တတိယအဆင့် - Category Box ကျလာပါက Down Arrow Key ဖြင့် မိမိလိုချင်တဲ့အကြောင်းအရာစီသွားပြီး Tab Key ကိုနိုပ်လိုက်ပါ
(12) VBA Code တွေကို Run နည်း
ပထမအဆင့် - VBA Code ရေးသားထားသော အကြောင်းအရာကြားထဲတွင် Cusor ချလိုက်ပါ
ဒုတိယအဆင့် - Run Sub/UserForm (Button) သို့မဟုတ်) F5 ကို နိုပ်လိုက်ပါ
(13) VBA Code တွေကို တဆင့်ချင်းစီ Run နည်း
ပထမအဆင့် - VBA Code ရေးသားထားသော အကြောင်းအရာကြားထဲတွင် Cusor ချလိုက်ပါ
ဒုတိယအဆင့် - F8 ကို နိုပ်လိုက်ပါ
တတိယအဆင့် - F8 ကို အသုံးပြုရာတွင် End Sub တွင် အဝါရောင်လိုင်းပျောက်သည်အထိ နိုပ်ရမှာ ဖြစ်ပါတယ်
(14) F8 အသုံးပြုရာတွင် ဆက်လက်၍ အသုံးမပြုတော့ပါက Rest ချနည်း
F8 အသုံးပြု၍ဖြစ်စေ / Error တက်ဖြစ်၍ဖြစ်စေ အဝါရောင်ဖြင့် Highlight ဖြစ်နေသော အရောင်များကို ပျောက်ချင်ပါက Run ထဲက Rest (Button) ကိုနိုပ်လိုက်ပါ
(15) VBA Code ကို အပြီးထိ မ Run ပဲ တနေရာတွင် ရပ်တန့်အောင်ပြုလုပ်နည်း
MsgBox နေရာတွင် Run တာကို ရပ်တန့်လိုက်ချင်ပါက ပုံထဲကအတိုင်း အနီစက် Bar ပေါ်တွင် Click နိုပ်လိုက်ပါ
(16) Object Browser ခေါ်နည်း
Object Browser ကို ခေါ်ယူအသုံးပြုချင်ပါက F2 ကိုနိုပ်လိုက်ပါ
(17) Micro Security အသုံးပြုနည်း
ပထမအဆင့် - Developer (Tab) ထဲမှ Micro Security (Button) ကို နိုပ်လိုက်ပါ
ဒုတိယအဆင့် - Enable All Micros (-----) နှင့် Trust Access To the VBA Project Model ကို အမှန်ခေါက်ခြစ်လိုက်ပါ
မှတ်ချက် - VBA အသုံးပြုမည့်စက်တိုင်း မပျက်မကွက် ပြုလုပ်ထားရန်လိုအပ်ပါတယ်။
(18) VBA Project ကို Password ပေးနည်း
ပထမအဆင့် - VBA Project ( ) ကို Select ပေးပြီး Right-Click - VBAProject Properties.. ကို နိုပ်ပါ။
ဒုတိယအဆင့် - Protection ထဲတွင် Lock Project For Viewing ကို အမှန်ခေါက်ခြစ်ပါ
တတိယအဆင့် - Password ပေး၍ OK နိုပ်ပါ
(19) VBA Code ကို ShortCut ထည့်သွင်းအသုံးပြုနည်း
ပထမအဆင့် - Developer (Tab) ထဲရှိ Micros (Button) (သို့မဟုတ်) Alt+F8 နိုပ်လိုက်ပါ
ဒုတိယအဆင့် - Micro Box ပေါ်လာပါ VBA Code တွင် Sub ဘေးနားမှာရေးသားခဲ့သော နာမည်ကို Select ပေးလိုက်ပါ
တတိယအဆင့် - Options… (Button) ကို နိုပ်လိုက်ပါ
စတုတ္ထအဆင့် - Macro Options (Box) ကျလာပါက ShortCut Key: အောက်တွင် Shift ကိုဖိ၍ ကြိုက်နှစ်သက်ရာ English စားလုံဖြင့်တွဲဖတ်နိုပ်လိုက်ပါ
(ဥပမာ - Shift+L ဆိုတာကြောင့် Shift+Ctrl+L နိုပ်ပါက Code Run သွားမှာဖြစ်ပါတယ်)
(20) Excel Sheet တွေကို Advanced Excel အသုံးပြုသူတွေတောင် ဖွင့်မရအောင် Hide နည်း
ပထမအဆင့် - ဥပမာ - Sheet3 ကို Hide မည်ဆိုပါက Sheet3 ကို Select ပေးလိုက်ပါ
ဒုတိယအဆင့် - Properties Window ရှိ Visible တွင် xlSheetVeryHidden ကိုရွေးလိုက်ပါ
တတိယအဆင့် - Excel ထဲတွင် Sheet ကို Right-Click နိုပ်ပြီး Unhide Button ကိုပါက မြင်ရမှာမဟုတ်သလို Sheet ရှိတယ်လို့တောင် သိရမှာမဟုတ်ပါ
Sheet ကို ပြန်ဖော်ချင်ပါက xlSheetVeryHidden ကို xlSheetVisible ကိုပြန်နိုပ်လိုက်ပါ
(21) Shape နှင့်ဆွဲထားသော Button ကို VBA ခလုတ်အဖြစ်အသုံးပြုနည်း
ပထမအဆင့် - Shape ဆွဲထားသော ပုံကို Right-Click နိုပ်လိုက်ပါ။
ဒုတိယအဆင့် - Assign Micro.. ကိုနိုပ်လိုက်ပါ
တတိယအဆင့် - VBA Code တွင် Sub ဘေးနားမှာရေးသားခဲ့သော နာမည်ကို Select ပေးလိုက်ပြီး Ok ကိုနိုပ်လိုက်ပါ
စတုတ္ထအဆင့် - Shape ဆွဲထားသော Button ကို နိုပ်ပါက VBA Code Run သွားမှာဖြစ်ပါတယ်
(22) VBA အသုံးပြုသော File ဆို (xlsm) ဖြင့် Save နည်း
Excel File ကို VBA အသုံးပြုရာတွင် (xlsx) ဖြင့် Save ရတော့မှာ မဟုတ်ပါ (xlsm (Or) xlsb (Or) xls) တစ်မျိုးမျိးဖြင့် Save မှ VBA ကို အသုံးပြုရမှာဖြစ်ပါတယ်
♥ ဖတ်ရှုပေးကြသော ညီအကို မောင်နှမ တစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါသည် ♥
သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့
[ မြေညီထပ်တွင် High Speed Air-con Service ဆိုင်ရှိသည်]
ဖုန်းနံပါတ် - 09 968 11 34 34
ဖုန်းနံပါတ် - 09 968 11 35 35
Page Link - https://www.facebook.com/HyperExcelVBA/
Page - Hyper Excel & VBA
Instructor - Aung Phyo Kyaw