ယခုရှင်းပြမည့်စနစ်ဟာ Sheet တစ်ခုနဲ့တစ်ခုသွားတဲ့နေရာမှာ တော်တော်လေးအသုံးဝင်တာဖြစ်ပါတယ်
ဘာကြောင့် အသုံးဝင်ပြီး အသုံးပြုရသလဲ???
HyperLink က မိမိသွားချင်သော နေရာကို Click တစ်ချက်တည်းဖြင့် Direct သွားရောက်နိုင်တာကြောင့်ဖြစ်ပါတယ်
HyperLink အသုံးပြုပြီး ဘယ်လို အရာမျိုးတွေကို သွားနိုင်လဲဆိုရင်
(1) အသုံးပြုနေတဲ့ Workbook အတွင်း Cell ကွက် တစ်ခုနဲ့ တစ်ခု သွားရောက်နိုင်တယ်
(2) အသုံးပြုနေတဲ့ Workbook အတွင်း Sheet တစ်ခုနဲ့ တစ်ခုကို သွားရောက်နိုင်တယ်
(3) တခြား Excel Workbook တွေ Auto ပွင့်အောင်ပြုလုပ်ပြီး သွားရောက်နိုင်တယ်
(4) Excel မဟုတ်တဲ့ တခြား Application တွေကို Auto ပွင့်အောင်ပြုလုပ်ပြီး သွားရောက်နိုင်တယ်
(5) Permission ပေးတားတဲ့ Website တွေအထိပါ သွားရောက်နိုင်တယ်
HyperLink ကို အသုံးပြုတဲ့ နည်းလမ်းက (𝟑) မျိုးရှိပါတယ်
နံပါတ် (1) - Button များတည်ဆောက်၍ Sheet များကို Link ချိတ် အသုံးပြုခြင်း
နံပါတ် (2) - Cell ကွက်များတွင် စာသားများရေးသား၍ Link ချိတ် အသုံးပြုခြင်း
နံပါတ် (3) - Excel Formula အသုံးပြု၍ Link ချိတ် အသုံးပြုခြင်း
နံပါတ် (1) & (2) ကတော့ အခြေခံအသုံး ဖြစ်ပြီး နံပါတ် (3) ကတော့ Advanced Level အသုံးဖြစ်ပါတယ်
ကျွန်တော်က အားလုံးအတွက် လုပ်ငန်းခွင်အတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် နံပါတ် (1) နှင့် နံပါတ် (3) ကို ရှင်းပြပေးပါမယ်
ပထမဦးဆုံး Photo (2) ခုက နံပါတ် (1) ကို ရှင်းပြတာဖြစ်ပြီး ကျန် Photo များကတော့ နံပါတ် (3) ကို ရှင်းပြပေးတာဖြစ်ပါတယ်
Step-01 (နံပါတ် ၁ စနစ်)
- Excel ထဲတွင် Sheet (5) ခုကို တစ်ခုချင်းစီ Link ချိတ်မှာ ဖြစ်သောကြောင့် Insert (Tab) ထဲ Shape ထဲကနေ Button (5) ခုကို တည်ဆောက်လိုက်ပါ
Step-02 (နံပါတ် ၁ စနစ်)
- Purchase (Sheet) နှင့် Purchase (Button) ကို Link ချိတ်မှာ ဖြစ်သောကြောင့် Purchase (Button) ကို Select ပေးပြီး Ctrl+K နိုပ်လိုက်ပါ
- Insert Hyperlink (Box) ပေါ်လာပါက Place in this Document ကို ရွေးပြီး Cell Reference ကို ရွေးလိုက်ပါ
- Type the cell reference တွင် A1 အနေနဲ့ဖြစ်နေပါလိမ့်မည်
- သဘောတရားကို ချုံငုံပြောရလျှင် Purchase (Button) ကို နိုပ်လိုက်တဲ့အခါမှာ ယခုအသုံးပြုနေတဲ့ Workbook ထဲက Purchase (Sheet) ၏ A1 နေရာကို သွားပါဟု ရည်ညွှန်းတာဖြစ်ပါတယ်
- ကျန်ရှိသော Button များကိုလဲ ယခုလို့ ဆက်တိုက်လုပ်သွားလိုက်ပါ ဒါဆိုရင် နံပါတ် ၁ စနစ်ကို အောင်မြင်စွာ ရရှိသွားမှာဖြစ်ပါတယ်
Step-01 (နံပါတ် ၃ စနစ်)
- Excel ထဲတွင် Sheet (5) ခုကို တစ်ခုချင်းစီကို Formula ဖြင့် တစ်ကြိမ်တည်း ပြီးမြောက်အောင် Link ချိတ်မှာ ဖြစ်သောကြောင့် ပုံထဲကအတိုင်း ပုံစံတူ တည်ဆောက်လိုက်ပါ
Step-02 (နံပါတ် ၃ စနစ်)
- B3 ကို Select ပေးပြီး Data ထဲက Data Validation ကို နိုပ်လိုက်ပါ
- Shortcut သုံးချင်ပါက Alt+D+L ကို တစ်ဆင့်ချင်းစီနိုပ်လိုက်ပါ
Step-03 (နံပါတ် ၃ စနစ်)
- Data Validation (Box) ပေါ်လာပါက Allow: တွင် List ကို ရွေးလိုက်ပါ
- Soruce တွင် Purchase,Sales,Inventory,Supplier,Customer ကို ရေးလိုက်ပါ
- ထို့နောက် OK (Button) ကိုနိုပ်လိုက်ပါ
- မှတ်ချက် - Source: ရေးသားသော စာသားများသည့် Excel ထဲတွင် Sheet နာမည်အနေနဲ့ ရှိနေရပါမည်
Step-03 (နံပါတ် ၃ စနစ်)
- B3 (Cell) ကွက်တွင် Sheet နာမည်တစ်ခုကို ရွေးလိုက်ပါ (Sales)
- C3 (Cell) ကွက်တွင် =HYPERLINK("#"&B3&"!A1","Go to "&B3) ရေးပြီး Enter ခေါက်ချလိုက်ပါ
- သဘောတရားကို ချုံငုံပြောရလျှင် C3 (Cell) ကွက်ကို နိုပ်လိုက်တဲ့အခါမှာ ယခုအသုံးပြုနေတဲ့ Workbook ထဲက Sales (Sheet) ၏ A1 နေရာကို သွားပါဟု ရည်ညွှန်းတာဖြစ်ပါတယ်
Step-05 (နံပါတ် ၃ စနစ်)
- Go to Sales ကို နိုပ်လိုက်ပါက ယခုအသုံးပြုနေတဲ့ Workbook ထဲက Sales (Sheet) ၏ A1 ကို Direct တမ်းရောက်ရှိသွားမှာဖြစ်ပါတ
ယ်
- B3 (Data Validation) တွင် နာမည်တစ်ခုပြောင်းပြီး C3ကို နိုပ်လိုက်တဲ့အခါမှာ B3 နာမည်၏ A1 ကို ပြောင်းလဲပြီးရောက်ရှိသွားမ
ှာဖြစ်ပါတယ်
- ယခုလိုအသုံးပြုခြင်း Dynamic Datavalidation ဟုလဲ ခေါ်ဆိုကြပါတယ်
♥ ဖတ်ရှုပေးကြတဲ့ ညီအကို မောင်နှမ တစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါသည် ♥
သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့
[ မြေညီထပ်တွင် Hight Speed Aircon Service ဆိုင်ရှိသည်]
ဖုန်းနံပါတ် - 09 968 11 34 34
ဖုန်းနံပါတ် - 09 968 11 35 35
Page Link - https://www.facebook.com/HyperExcelVBA/
Page - Hyper Excel & VBA
Instructor - Aung Phyo Kyaw