Thursday, March 26, 2020

COVID-19 ဖြစ်ပွားမှု Update အခြေအနေကို Excel ဖြင့် ကြည့်ရှုခြင်း

ယခု ရက်ပိုင်း အတောအတွင်းမှာ COVID-19 ရောဂါ အခြေအနေကို တစ်ကမ္ဘာလုံး စိတ်ဝင်စားလျှက်ရှိပါတယ်

COVID-19 ဖြစ်ပွားမှု / သေဆုံးမှု / ရောဂါပျောက်ကင်းမှုတွေကို Excel ကနေ စောင့်ကြည့် လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပါသည်

Excel တွင် ဘာသာရပ်အားဖြင့် (4) မျိုးရှိပါတယ်

နံပါတ် (၁) - Beginner Excel Course

နံပါတ် (၂) - Advanced Excel Course

နံပတ် (၃) - Mastering Microsoft Excel (VBA) Course

နံပတ် (၄) - Excel Power BI Course ဆိုပြီးရှိပါတယ်

ယခု COVID-19 အခြေအနေကို စောင့်ကြည့်နိုင်ရန်အတွက် နံပါတ် (၄) စနစ်ကို ရှင်းပြပေးမှာဖြစ်ပါတယ်

နံပတ် (၄) - ဖြင်တဲ့ Excel Power BI မှာ Group အားဖြင့် (၄) မျိုးရှိပါတယ်

Power Query - Row Data များကို ပေါင်းစပ် စစ်ထုတ်ခြင်း

Power Pivot - Data များကို Pivot Table ဖြင့် Report  စစ်ထုတ်ခြင်း

Power View - Data များကို Chart သို့မဟုတ် Graph များဖြင့် Report စစ်ထုတ်ခြင်း

Power Map - Data များကို 2D Map သို့မဟုတ်  3D Map ဖြင့် Report စစ်ထုတ်ခြင်း

ထို (၄) မျိုးလုံးကို ပါဝင်မှသာ Excel Power BI ဟု ခေါ်ဝေါ်ပါတယ်

ပုံထဲမှာ ပြထားတဲ့စနစ်ဟာ

ပထမအဆင့် - Power Query ဖြင့် Website ထဲက Data ကို Excel ထဲမှ လှမ်းယူလိုက်ပါတယ်

ဒုတိယအဆင့် - Power Map ဖြင့် Excel ထဲ ရောက်ရှိနေတဲ့ Data ကို 3D Maps အနေနဲ့ Report စစ်ထုတ်လိုက်တာ ဖြစ်ပါတယ်

ယခုလို Excel ထဲမှာ သုံးတဲ့အခါ အကယ်၍ မနက်ဖြန် ရောက်သွားခဲ့ရင် Refresh နိုပ်လိုက်ယုံဖြင့် မနက်ဖြန်ရဲ့ Update Data ကို Report က ပြောင်းလဲစစ်ဆေးသွားမှာ ဖြစ်ပါတယ်

မှတ်ချက် - Power BI ကို သုံးရင် Online နှင့် ချိတ်ဆက်ထားသောကြောင့် Internet လိုပါမည် Excel 2013 နှင့် အထက်ဖြစ်ရပါမည်

Step-01
  • Excel New File ကို ဖွင့်ပြီး Data ထဲက Get Data ကို နိုပ်လိုက်ပါ
  • From Other Sources ကို နိုပ်ပြီး From Web ကို ရွေးလိုက်ပါ





Step-02
  • From Web ပေါ်လာပါ URL တွင် https://www.worldometers.info/coronavirus/ ကို ထည့်ပြီး Ok နိုပ်လိုက်ပါ




Step-03
  • Navigator ပေါ်လာပါက Table 0 ကို Select ပေးပြီး Load ကို နိုပ်လိုက်ပါ





Step-04
  • ပုံထဲတွင် ပြသားထားသည့်အတိုင် Sheet အသစ်တစ်ခုတွင် Website ထဲက Data များကို ဖော်ပြလာမှာ ဖြစ်ပါတယ်





Step-05
  • Map ဆွဲမှာ ဖြစ်သောကြောင့် Insert ထဲက Open 3D Maps ကို နိုပ်လိုက်ပါ





Step-06
  • ပုံထဲကအတိုင်း Map ကို မြင်တွေ့ရပါက Field List ကို ပိတ်လိုက်ပါ





Step-07
  • Home ထဲမှာ ရှိတဲ့ Map Labels နှင့် Flat Map ကို ရွေးပြီး မြန်မာနိုင်ငံရောက်သည်အထိ မြေပုံကို ရွှေ့လိုက်ပါ





Step-08
  • ပုံထဲက အတိုင်း Layer Options တွင် Size ကို 200% ထားလိုက်ပါ
  • Opacity တွင် 86% ထားလိုက်ပါ






Step-09
  • ပုံထဲကအတိုင်း Bubble ကို ရွေးလိုက်ပါ





Step-10
  • မြန်မာနိုင်ငံရဲ့ အနီရောင် Bubble ကို နိုပ်ပြီး ပုံထဲကအတိုင်းဖော်ပြလာပါက Setting ထဲကို သွားလိုက်ပါ





Step-11
  • Customize Data Card ပေါ်လာပါက Template 6 ကို ရွေးလိုက်ပါ
  • ပုံတွင် ပြထားသည့် အတိုင်း Add Field ကို နိုပ်၍ Country / Total Cases / New Cases / Active Cases ကို ရွေးလိုက်ပြီး OK နိုပ်လိုက်ပါ





Step-12
  • မြန်မာနိုင်ငံရဲ အနီရောင် Bubble ပေါ်နိုပ်လိုက်ပါက ယနေ့ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါဖြစ်ပွားသူ ဦးရေကို ဖော်ပြနေမှာ ဖြစ်ပါတယ်
  • အကယ်၍ Refresh ကို Excel ထဲကနေ နိုပ်လိုက်ပါက Auto Update Data ကို ဖော်ပြနေမှာ ဖြစ်ပါတယ်






 ဖတ်ရှုပေးကြသော ညီအကို မောင်နှ တစ်ဦးချင်စီကို အထူးပင် ကျေးဇူးတင်ရှိပါသည် 

သင်တန်းလိပ်စာ - အမှတ် (၁၃) | (၃) လွှာ | မြေနီကုန်းဂမုန်းပွင့်ကုန်တိုက် မျက်နှာချင်းဆိုင် | စေတနာလမ်း | စမ်းချောင်းမြို့နယ် | ရန်ကုန်မြို့

[ မြေညီထပ်တွင် High Speed Air-con Service ဆိုင်ရှိသည်]

ဖုန်းနံပါတ် - 09 968 11 34 34
ဖုန်းနံပါတ် - 09 968 11 35 35

Page - Hyper Excel & VBA

Instructor - Aung Phyo Kyaw